သင်တန်းအစီအစဉ်

  • သင်တန်းစတင်မည့်ရက် - ၆.၂.၂၀၂၁ (အပတ်စဉ် -စနေ၊ တနဂ်နွေ)

  • သင်တန်းကာလ - ၄လ ( ၆၄ နာရီ)

  • သင်တန်းချိန် - မနက် (၁၀) နာရီ - နေ့ခင်း (၁၂) နာရီ

  • သင်တန်းကြေး - (၂) သိန်း (၅) သောင်း ( အထူး Discount Plan တွေလည်း ရှိတယ်နော််)

Python ဆိုတာဘာလဲ?

Programming Language အမျိုးမျိုးရှိတဲ့အထဲမှာ Python ဟာ အသုံးပြုပုံရိုးရှင်းပြီး အလွယ်တကူ လေ့လာနိုင်တဲ့ High Level Language တစ်ခုဖြစ်ပါတယ်။ Python ကို စနစ်တကျလေ့လာထားမယ်ဆိုရင် ရိုးရှင်းတဲ့ Web Developnment and Application တွေကိုလည်း ရေးနိုင်မှာဖြစ်သလို ခက်ခဲတဲ့ Machine Learning ရဲ့ သဘောတရားတွေကို အလွယ်တကူ နားလည်နိုင်မှာပါ။ ဒါ့အပြင် Image Processing, Data Analysis, Visualization တွေကိုလည်း Python နဲ့အတူ ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် Python ဟာ နယ်ပယ်အစုံမှာ အသုံးပြုလို့ရတဲ့ Language တစ်ခုလို့ဆိုနိုင်ပါတယ်။

Python နဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေက‌ရော?

နယ်ပယ်အစုံမှာ အသုံးပြုနိုင်တဲ့ Language ဖြစ်တာနဲ့အညီ နည်းပညာကုမ္ပဏီတွေမှာ Product Team ေတွ၊ Development Team တွေမှာ Python Developer အနေနဲ့ရပ်တည်ကာ Website တွေကို စနစ်တကျ တည်ဆောက်တာတွေ optimization တွေပြုလုပ်တဲ့နေရာမှာ လုပ်ကိုင်နိုင်ပြီး Data Team တွေမှာ Data Manager ေတွ Data Analysts တွေအဖြစ်ရပ်တည်နိုင်ပါတယ်။ ဒါ့အပြင် Artificial Intelligence အပိုင်းမှာလည်း လုပ်ကိုင်နိုင်နိုင်ပါတယ်။

Python က သင်ယူဖို့ ခက်ခဲလား?

Stackover Flow Website ကနေ ကမ္ဘာပေါ်မှာရှိတဲ့ Developer တွေထံက ကောက်ယူထားတဲ့ စာရင်းအရတော့ Python ဟာ ရိုးရှင်းလွယ်ကူစွာ သင်ယူနိုင်တဲ့ Language လို့ဆိုထားပါတယ်။ Phandeeyar Institute ကနေ ဖွင့်လှစ်မယ့် ဒီသင်တန်းမှာတော့ အချိန်(၄) လနဲ့ စနစ်တကျ သင်ယူနိုင်မှာပါ။ (၄) လတာအချိန်အတွင်းမှာ Python ကို အခြေခံကနေ နယ်ပယ်အစုံမှာ အသုံးချနိုင်တဲ့ အဆင့်မြင့်အတိုင်းအတာ Level အထိသင်ကြားပေးမှာပါ။ Preminum Class ဖြစ်တာနဲ့အညီ Weekly Assignment တွေ၊ Mini-project တွေအပြင် Final Test ပါ ဖြေဆိုရမှာဖြစ်ပြီး Professinal Certificate လည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

ဘယ်သူတွေ တက်ရောက်သင့်တာလဲ ?

- Python ကိုအခြေခံမှစတင်ပြီး စနစ်တကျလေ့လာလိုသူတွေ

- နည်းပညာကုမ္ပဏီတွေမှာ Developer အဖြစ်လုပ်ကိုင်လိုသူတွေ/ရပ်တည်နေသူတွေ

- AI, Machine Learning, Deep Learning နဲ့ Data Science Career ကို တက်လှမ်းချင်သူတွေ

- တက္ကသိုလ်ကျောင်းသူကျောင်းသားများ

- Programming Language အခြေခံမရှိပေမယ့်လည်း Python ကို စတင်လေ့လာလိုသူတွေ

Discount အစီအစဉ်က ဘယ်လိုမျိုးလဲ?

-Early Bird Discount အနေနဲ့  January လ ၂၅ရက် မတိုင်ခင် အပ်မယ်ဆိုရင် 5 % discount

- February လမှာ ဖွင့်လှစ်မယ့်သင်တန်းတွေကို ပေါင်းပြီး ပြိုင်တူအပ်နှံမယ်ဆိုရင် 5 % discount

-မိမိနဲ့အတူ သူငယ်ချင်းတွေပါ ခေါ်လာမယ်ဆိုရင် 5% discount

-Phandeeyar Institute မှာ သင်တန်းတက်ဖူးတဲ့သူဆိုရင် ဘယ်သင်တန်းကိုတက်တက် 5% discount

-ဒါမှမဟုတ် သင်တန်းနှစ်ခုကို သူငယ်ချင်းတွေပါခေါ်လာရင်တော့ 10% or 15% discount (alumniပါဖြစ်နေရင်) ရရှိမှာပါ။ 

Phandeeyar Institute ရဲ့ Python Class ဟာဘယ်လို သင်တန်းမျိုုးလဲ?

Phandeeyar Institute ကနေ ဖွင့်လှစ်နေတဲ့ Python Programming Language (from scratch to advanced) class လေးဟာ အခုဆိုရင် Batch (7) အထိ ‌ရောက်ရှိနေပါပြီ။ ဒီ course ဟာဆိုရင် Python Programming Language ကို စနစ်တကျလေ့လာနိုင်အောင် သေချာဒီဇိုင်းဆွဲထားတဲ့သင်တန်းဖြစ်ပြီး တက်ရောက်ခဲ့တဲ့ ကျောင်းသာတွေထံမှလည်း feedback ကောင်းတွေပိုင်ဆီုင်ထားတဲ့ Phandeeyar Institute ရဲ့ Premium သင်တန်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

သင်ခန်းစာများ

သင်တန်းချိန်စုစုပေါင်း (၆၄) နာရီစာရှိမယ့် (၄)လတာ ဒီ Preminum သင်တန်းမှာဆိုရင် Modules (4) ခုကို စနစ်တကျ သေချာရေးဆွဲထားပါတယ်။

  • 1

    Welcome

    • Instructor Welcome

  • 2

    Module (1)

    • Basic Computer System

    • How Programming Works

    • Python Conceptual Hierarchy

    • Basic Python Syntax

    • Operators

    • What is control structure?

    • Boolean Expression

    • Boolean Operators and Rational Operators

    • Operators Precedence

    • Selection Control Structure

    • Iterative Control Structure

    • Function

    • File Handling

    • Exceptions Handling

    • Module End Test

  • 3

    Module (2)

    • Sequences

    • Lists

    • Lists Methods and useful Built-in Function

    • Copying List, Processing List

    • Two-Dimensional Lists

    • Tuples

    • Plotting Data with the matplotlib library

    • String Operation

    • String Slicing, Testing, Searching, and Manipulating String

    • Dictionaries

    • Dictionaries Method

    • Sets

    • Serializing Objects

    • JSON(Javascript Object Notation)

    • Python *args and **kwargs

  • 4

    Module 3

    • What is Object Oriented Programming

    • Class and Objects

    • Working with Instance

    • Accessor and Mutator Methods

    • Special Methods(Dunder Methods)

    • Encapsulation

    • Object-Oriented Design using UML Class Diagram

    • Inheritance

    • Multiple Inheritance

    • Polymorphism

    • Operator Overloading

    • Function Overloading

    • NamedTuple

    • Recursion

    • GUI Programming

  • 5

    Module (4)

    • Python Iterators

    • List Comprehension

    • Generator Function

    • Generator Expression

    • Lambda Function

    • Map

    • Filter and Reduce

    • Closures

  • 6

    Final Test

    • Test

ဘယ်လိုသင်ကြားပေးမှာလဲ?

ဒီသင်တန်းမှာဆိုရင် အပတ်စဉ် သင်တန်းဆရာထံမှ တိုက်ရိုက်လေ့လာသင်ယူကြရမှာဖြစ်ပါတယ်။

တိုက်ရိုက်သင်တဲ့အခါမှာ မမှီခဲ့တဲ့ သင်ခန်းစာအကြောင်းအရာတွေအတွက်လည်း အပတ်စဉ်သင်ကြားမှုကို Recording လုပ်ထားမှာဖြစ်ပြီး  Phandeeyar Institute ရဲ့ Online Learning Platform မှာ ပြန်လည် တင်ပေးထားမှာဖြစ်လို့ ၂၄နာရီ မိမိနှစ်သက်ရာအချိန်မှာ ပြန်လည်လေ့လာနိုင်ပါတယ်။ သင်တန်းအပ်နှံထားတဲ့သူတွေဟာ ကိုယ်ပိုင် acc တစ်ခုစီရရှိမှာဖြစ်ပြီး  အခြားလိုအပ်မယ့် သင်ခန်းစာ Tiutorial Video တွေကို တင်ပေးထားဉီးမှာဖြစ်ပါတယ်။ Assignment and Project ပြုလုပ်တဲ့အခါမှာ အခက်အခဲမဖြစ်စေဖို့ သင်တန်းဆရာထံမှ တိုက်ရိုက်သင်ယူ‌လေ့လာဆွေးနွေးနိုင်မယ့် အစီအစဉ်တွေပါ ပါရှိတဲ့အတွက် အမှန်တကယ်တတ်မြောက်ဖို့ အာမခံပါတယ်။