Flutter App Development Course
Mobile App, Desktop App တွေကို အချိန်တိုအတွင်း ဖန်တီးရေးဆွဲတတ်လိုသူတွေအတွက် Online Course
သင်ဟာ အသုံးပြုရလွယ်ကူပြီး သေသပ်လှပတဲ့ mobile app (ဒါမှမဟုတ်) desktop app တေွကို စနစ်တကျ ဖန်တီးရေးဆွဲတတ်ချင်သူတစ်ယောက်လား?
ဒါမှမဟုတ် Application တွေကိုအချိန်တိုအတွင်း single codebase ဖြင့် Develop လုပ်လိုသူလား?
ဒါဆိုရင်တော့ Phandeeyar Institute ကနေ အသစ်ဖွင့်လှစ်မယ့် Flutter App Development သင်တန်းသာ သင့်အတွက် အကိုက်ညီဆုံး သင်တန်းတစ်ခုဖြစ်ပါတယ်။
Flutter App Development ဆိုတာဘာလဲ?
ယခုနောက်ပိုင်း Mobile Developer အများစုအသုံးပြုလာကြတဲ့ Toolkit တစ်ခုကတော့ Flutter ပဲဖြစ်ပါတယ်။ Google ကနေ ထုတ်လုပ်ထားတဲ့ tool တစ်ခုဖြစ်ပြီး single codebase ဖြင့် သေသပ်လှပတဲ့ mobile app, desktop app နဲ့ အခြား wen application တွေကို ဖန်တီးရာမှာ Flutter ဟာ နည်းပညာစိတ်ဝင်စားတဲ့ လူငယ်တိုင်း မျက်စိကျစရာ သင်ယူရလွယ်ကူတဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။
နည်းပညာလုပ်ငန်းတွေကျယ်ပြန့်လာတာနဲ့အမျှ ယှဉ်တွဲပြီး ပေါ်ပေါက်လာတဲ့ စျေးကွက်မှာ နည်းပညာကို စနစ်တကျအသုံးချပြီး လုပ်ကိုင်လာတဲ့ Platform တွေ အပြိုင်အဆိုင်ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့် ဒီနေ့လို အချိန်မှာ ကြီးထွားလာတဲ့ Ecommerce နယ်ပယ်မှာ အရည်အသွေးပြည့်မီတဲ့ mobile developer we app developer တေွ လိုအပ်လာတဲ့အချိန်မှာ Flutter ကို အသုံးပြုပြီး application တွေရေးဆွဲတတ်အောင်သင်ယူခြင်းဟာ အရှုံးမရှိတဲ့ ရင်းနှီးမြုပ်နှံ့မှုတစ်ခုပါ။
ဒါကြောင့် Phandeeyar Institute ကနေ Flutter App Development Online Course ကို ဇူလိုင်လ၁၁ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပါပြီ။
စာတွေ့လက်တွေ့ သင်ကြားပေးမယ့် ၂လတာကြာမြင့်မယ့် ဒီသင်တန်းမှာ Mobile App Developement ကို အခြေခံကနေ စတင်သင်ကြားပေးမှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ကတော့ သင်တန်းတက်နေစဉ်မှာ Challenge တွေပြုလုပ်ပေးသွားမှာ ဖြစ်လို့ လက်တွေ့အသားပေးလုပ်ဆောင်ရတဲ့ သင်ခန်းစာတွေနဲ့အတူ မိမိရဲ့ အရည်အသေွးကို တိုးတက်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။
Course Outline
Before Our First Class
OS Survey
Allocated time survey
Mobile Device Survey
Note
Mobile Product Development Fundamentals
Flutter Development
Flutter eCommerce Project Challenge
01 - July 11
02 - July 12
Anatomy of Flutter App
Copy, Paste and Run Codes
Setting up development environment notes
Prepare your computer for Flutter development
macOS Flutter Installation
macOS XCode Installation
macOS Android and AVD installation
Windows Flutter Environment Installation
Mac OS Flutter Environment Installation
Dart Exercises Quick Walk Through
Flutter Step by Step Notes
Build LogIn UI for an eCommerce App
How to create Flutter App from scratch
Connect your Android Device to Android Studio and try running eCommerce App
Flutter Widgets Exercise (Bottom Up approach)
Flutter WIdgets Exercise (Codes Reuse Approach)
eCommerce Patterns Ref 1
eCommerce Patterns Ref 2
Try running e-Commerce App - Sample Code 2
Understadning Widgets
Improving Flutter Layouts by using Widgets in better ways
Flutter Widgets Exercixe (Code Reuse Approach) - 2
Create Stateful Widget App that changes color when you press the floating action button
Update Navigations in sample wechannel app
Code Reuse Approach - Stateful Widget - Change Color
Creating Postman Collection for jasonplaceholder
Code Reuse Approach - httptest - challenge
Code Reuse Approach - Learn Provider Pattern typical usecase
Code Reuse Approach - Run the code and learn the pattern Shopping Cart
Final notes to build eCommerce App
01 - July 18
02 - July 19
01 - July 25
02 - July 26
Ecommerce Login States - for your reference only
01 - Aug 8 (Part 1)
01 - Aug 8 (Part 2)
02 - Aug 9 (Part1)
02 - Aug 9 (Part2)
01 - Aug 15 (Part 1)
01 - Aug 15 (Part 2)
NPS - Aug 16
02 Aug 16
NPS - Aug 22
01 - Aug 22
NPS - Aug 23
02 - Aug 23 (Part 1)
02 - Aug 23 (Part 2)
NPS - Aug 29
01 - Aug 29
NPS - Aug 30
02 - Aug 30
NPS - Sep 5
01 - Sep 5
NPS - Sep 6
02 - Sep 6
NPS - Sep 13
03 - Sep 13
သင်တန်းစတင်မည့်ရက် - ၁၁.၇.၂၀၂၀ (အပတ်စဉ် စနေ၊တနဂ်နွေ)
သင်တန်းကာလ - ၂လ
သင်တန်းချိန် - ၁၁နာရီ-၁၂း၃၀နာရီ
သင်တန်းကြေး - ၁သိန်း၅သောင်း
️-Flutter ဖြင့် Website Development, Desktop Application, Mobile Development ကို အခြေခံမှစ၍လေ့လာတတ်မြောက်လိုသူ
- E Commerce Website & App တွေကို အချိန်တိုအတွင်း စနစ်တကျဖန်တီးလေ့လာလိုသူများ
-Company ကြီးတွေမှာ Junior Mobile and Web Developerဖြစ်အသက်မွေးဝမ်းကြောင်းပြုလိုသူများ
️-စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ
-တက္ကသိုလ်ကျောင်းသားကျောင်းသူများ
Phandeeyar Institute ကစီစဉ်ထားတဲ့ Online သင်တန်းပုံစံကတော့ သင်ခန်းစာတွေကို Phandeeyar Institute ရဲ့ Online Learning Platform မှာ တင်ပေးထားမှာဖြစ်ပြီး သင်တန်းတက်ရောက်တဲ့သူတွေဟာ မိမိအဆင်ပြေတဲ့အချိန်မှာ သင်ယူလေ့လာနိုင်အောင် ပြင်ဆင်ပြုလုပ်ပေးထားပါတယ်။ သင်တန်းအပ်နှံထားတဲ့သူတွေဟာ ကိုယ်ပိုင် acc တစ်ခုစီရရှိမှာဖြစ်ပြီး လေ့လာသင်ယူနိုင်ပါတယ်။ ဒါ့အပြင် သင်တန်းဆရာနဲ့လည်း အပတ်စဉ်မိမိရဲ့ Progress ကို လေ့လာဆွေးနွေးနိုင်မှာလည်းဖြစ်ပါတယ်။