Financial Literacy Online Learning Festival အကြောင်း

Prudential Myanmar နဲ့ Yoma Bank တို့ရဲ့ ပူးပေါင်းပါဝင်ကူညီပေးမှုနဲ့အတူ Phandeeyar Institute ကနေ “Financial Literacy Online Learning Festival” (ငွေကြေးဆိုင်ရာ ပညာရပ်တွေအကြောင်း လေ့လာနိုင်မယ့် အခမဲ့ အွန်လိုင်းရက်သတ္တပတ်) ကို ၂၀၂၀ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့မှ အောက်တိုဘာလ(၄) ရက်နေ့အထိ အောင်မြင်စွာဦးဆောင်ကျင်းပပေးနိုင်ခဲ့ပါတယ်။

ဒီ “Financial Literacy Online Learning Festival” မှာဆိုရင် မြန်မာနိုင်ငံအရပ်ရပ်မှ ကျောင်းသားလူငယ်များ၊ လုပ်ငန်းခွင်ဝင်ရောက်နေသူများနဲ့ အသေးစားအလတ်စား လုပ်ငန်းပိုင်ဆိုင်သူများ အစရှိသဖြင့် တက်ရောက်သူ စုစုပေါင်း (၅၆၀၀) ကျော်ရှိခဲ့ပြီး ပါဝင်တက်ရောက်ခဲ့သူတွေအနေနဲ့လည်း မိမိဘဝ၊ မိမိ career ၊ မိမိလုပ်ငန်းအတွက် အရေးပါပြီး မရှိမဖြစ်သိထားသင့်တဲ့ ငွေကြေးပညာရပ်တွေအကြောင်းကို လေ့လာသင်ယူခဲ့ကြပါတယ်။