သင်တန်းအစီအစဉ်

  • သင်တန်းစတင်မည့်ရက် - ၁၄.၉.၂၀၂၀

  • သင်တန်းချိန် - ညနေ ၅နာရီ- ၇ နာရီ

  • သင်တန်းကာလ - ၂ ပတ်အပြတ်(နေ့စဉ် တနလ်ာမှသောကြာ)

  • သင်တန်းကြေး - ၁၅၀၀၀၀

Scrum ဆိုတာဘာလဲ?

Scrum ဆိုတာကတော့ နည်းပညာလုပ်ငန်းခွင်မှာလုပ်ကိုင်နေသူတိုင်းသာမက ဘယ်လုပ်ငန်းခွင်မှာမဆို လုပ်ကိုင်နေတဲ့သူတိုင်း ရင်းနှီးကျွမ်းဝင်တဲ့ framework တစ်ခုဖြစ်ပါတယ်။ Scrum ရဲ့ အားသာချက်တွေထဲက တစ်ခုကတော့ မိမိတို့team ရဲ့ အားသာချက် အားနည်းချက်တွေကို အချိန်တိုအတွင်း သိရှိပြင်ဆင်နိုင်ပြီး မိမိတို့team ရဲ့ လုပ်ငန်းလည်ပတ်စီးဆင်းမှုကို ကောင်းမွန်မြန်ဆန်စေနိုင်ပါတယ်။အထူးသဖြင့် Software Development နဲ့ Project Management နယ်ပယ်မှာ လုပ်ကိုင်နေသူ‌တွေအတွက် အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်းခွင်အတတ်ပညာစွမ်းရည်တစ်ခုလည်းဖြစ်ပါတယ်။


Phandeeyar Institute ကနေ ဖွင့်လှစ်ပေးမယ့် ဒီ Scrum Course မှာတော့ Project Team တွေမှာ လုပ်ကိုင်နေတဲ့သူတွေ Project Manager အဖြစ်နဲ့ ရပ်တည်နေတဲ့သူတွေအားလုံးအတွက် Scrum ရဲ့ သဘောတရားတွေ အလုပ်လုပ်ပုံတွေကို သင်ကြား‌ပေးမှာဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု Scrum စာမေးပွဲတွေဖြေဆိုသွားနိုင်ဖို့အတွက်ပါ ရည်ရွယ်ထားပါတယ်။

Course curriculum

  • 1

    Lightweight Project Life Cycle Approach

    • Lightweight Project Life Cycle Approach

  • 2

    Scrum Framework

    • Scrum Theory

    • Scrum Framework

  • 3

    Scrum Artifacts

    • Artifact Transparency

  • 4

    Tips for Scrum Exam

    • Exam Tips

  • 5

    Class session Recording

    • Scrum - Sep 19

    • 02 - September 20

    • 03 - Scrum Knowledge Sharing - September 27

    • 04 - October 3

    • 05 - October 4

    • Scrum Knowledge Sharing - October 10

ဘယ်သူတွေ တက်ရောက်သင့်တာလဲ ?

👤Project Team တွေမှာ လုပ်ကိုင်နေသူတွေ

👤Project Manager အဖြစ်ရပ်တည်လိုသူတွေ/ရပ်တည်နေသူတွေ

👤Scrum Exam ဖြေလိုသူများ

👤နည်းပညာလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေသူများ

👤Product Team တွေမှာ Scrum Master အနေနဲ့ ရပ်တည်လိုသူများ/ Product Owner အနေနဲ့ ရပ်တည်လိုသူများ

ဘယ်လိုသင်ကြားပေးမှာလဲ?

ဒီသင်တန်းမှာဆိုရင် အပတ်စဉ် သင်တန်းဆရာထံမှ တိုက်ရိုက်လေ့လာသင်ယူကြရမှာဖြစ်ပါတယ်။

တိုက်ရိုက်သင်တဲ့အခါမှာ မမှီခဲ့တဲ့ သင်ခန်းစာအကြောင်းအရာတွေအတွက်လည်း အပတ်စဉ်သင်ကြားမှုကို Recording လုပ်ထားမှာဖြစ်ပြီး Phandeeyar Institute ရဲ့ Online Learning Platform မှာ ပြန်လည် တင်ပေးထားမှာဖြစ်လို့ ၂၄နာရီ မိမိနှစ်သက်ရာအချိန်မှာ ပြန်လည်လေ့လာနိုင်ပါတယ်။ သင်တန်းအပ်နှံထားတဲ့သူတွေဟာ ကိုယ်ပိုင် acc တစ်ခုစီရရှိမှာဖြစ်ပြီး အခြားလိုအပ်မယ့် သင်ခန်းစာ Tiutorial Video တွေကို တင်ပေးထားဉီးမှာဖြစ်ပါတယ်။ Assignment and Project ပြုလုပ်တဲ့အခါမှာ အခက်အခဲမဖြစ်စေဖို့ သင်တန်းဆရာထံမှ တိုက်ရိုက်သင်ယူ‌လေ့လာဆွေးနွေးနိုင်မယ့် အစီအစဉ်တွေပါ ပါရှိတဲ့အတွက် အမှန်တကယ်တတ်မြောက်ဖို့ အာမခံပါတယ်။

အသေးစိတ်စုံစမ်းရန်

Phandeeyar Institte မှာ ဖွင့်လှစ်နေတဲ့ စိတ်လှုပ်ရှားစရာသင်တန်းအစီအစဉ်တွေအကြောင်း အသေးစိတ်သိရှိချင်ရင်တော့ အခုပဲ Phandeeyar Institute page Messenger (သို့) ဖုန်းနံပါတ် 099 57 2580 17, 099 62 6290 06, 09783184069 (သို့) http://www.phandeeyar.institute/ တို့မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။