C# Programming Language
Web , Desktop Application and Game Development ကို C# Programming Language ဖြင့် အချိန်တိုအတွင်း လေ့လာနိုင်အောင်ရေးသားနိုင်အောင် ကြိုးစားကြမယ်။
C# ဟာ သင်ယူရလွယ်ကူပြီး အချိန်တိုအတွင်း တတ်မြောက်နိုင်တဲ့ Language တစ်ခုလည်းဖြစ်ပြီး နိုင်ငံတကာမှာရှိတဲ့ Developer တွေရဲ့ သုံးပုံတစ်ပုံဟာ C# Programming Language ကို နေ့စဉ်အသုံးချနေပါတယ်။ Window Desktop Application နဲ့Game Development Application အတွက် အသုံးဝင်ဆုံး Language တစ်ခုဖြစ်ပြီး နည်းပညာနယ်ပယ်က ကုမ္ပဏီတိုင်းက လိုအပ်နေတဲ့Professional တွေထဲမှာ C# ကို ကျွမ်းကျင်တဲ့ Developer တွေဟာ ထိပ်ဆုံးကပါဝင်နေပါတယ်။
ဒါကြောင့် ဒီလိုအရေးပါတဲ့ Programming Language တစ်ခုကို အခြေခံကနေစပြီး သင်ယူနိုင်မယ့် C# Programming Language Course ကို Phandeeyar Institute မှာ တက်ရောက်သင်ယူလို့ရနေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်။
၃လတာကြာမြင့်မယ့် ဒီသင်တန်းမှာဆိုရင် Module (8) ခုပါဝင်မှာဖြစ်ပြီး အတွေ့အကြုံရှိတဲ့ Instructor မှ အခြေခံမှစတင်ပြီး ကိုယ်တိုင် Web Application တေွကို ဖန်တီးလာနိုင်အောင် စနစ်တကျသင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်၊
Introduction to OOP concept
Casting
Exception, Indexer, Delegate
DB Overview
Connection, DBML
Visual Studio(Console, ASP.NET)
Final Projects
Unit 2 assignment
သင်တန်းစတင်မည့်ရက် - ၁၁.၇.၂၀၂၀ (အပတ်စဉ် စနေ၊တနဂ်
သင်တန်းကာလ - ၃
သင်တန်းကြေး - ၂သိန်း
သင်တန်းချိန် - ၁၁နာရီ-၁နာရီ
Phandeeyar Institute ကစီစဉ်ထားတဲ့ Online သင်တန်းပုံစံကတော့ သင်ခန်းစာတွေကို Phandeeyar Institute ရဲ့ Online Learning Platform မှာ တင်ပေးထားမှာဖြစ်ပြီး သင်တန်းတက်ရောက်တဲ့သူတွေဟာ မိမိအဆင်ပြေတဲ့အချိန်မှာ သင်ယူလေ့လာနိုင်အောင် ပြင်ဆင်ပြုလုပ်ပေးထားပါတယ်။ သင်တန်းအပ်နှံထားတဲ့သူတွေဟာ ကိုယ်ပိုင် acc တစ်ခုစီရရှိမှာဖြစ်ပြီး လေ့လာသင်ယူနိုင်ပါတယ်။ ဒါ့အပြင် သင်တန်းဆရာနဲ့လည်း အပတ်စဉ်မိမိရဲ့ Progress ကို လေ့လာဆွေးနွေးနိုင်မှာလည်းဖြစ်ပါတယ်။
-C# ဖြင့် Website Development, Mobile Development ကို အခြေခံမှစ၍လေ့လာတတ်မြောက်လိုသူ
- C# ဖြင့် Game Development ကို အခြေခံမှစတင်လေ့လာလိုသူ
-Company ကြီးတွေမှာ Junior Mobile and Web Developerဖြစ်အသက်မွေးဝမ်းကြောင်းပြုလိုသူများ
️-စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ
-တက္ကသိုလ်ကျောင်းသားကျောင်းသူများ